" ... ကျင်းပသော တမန်တော်နေ့အခမ်းအနား၌ ကျွန်တော်တို့ ဗဟုသုတအဖြစ် ဖတ်ရှုမိသော စာတစ်ပိုဒ်ကို အမှတ်ရမိပါသည်။ ထိုစာပိုဒ်မှာ တမန်တော်တို့တွင် မျက်စိက အိပ်ကျော်နေသော်လည်း နှလုံးသားမူကား အိပ်ပျော်ခြင်း မရှိပေ ဟူသော ရှင်းလင်းဖွင့်ဆိုချက် ဖြစ်ပါသည်။ တမန်တော်တို့သည် ဆရာများ ဖြစ်သည်ဟု ခိုင်ခိုင်မာမာ သဘောပေါက်ကြလျှင် တမန်တော်တို့၏ ဟောကြားသည့်အတိုင်း တူညီအောင် ကြိုးစားလိုက်နာကြရမည်ကို ခံယူကြလျှင် မိတ်ဆွေတို့ ကျွန်ုပ်တို့သည် နှလုံးသားကို အိပ်ပျော်ခြင်းမရှိအောင် နိုးကြားကြိုးစား၍ မိမိအကျိုး၊ အများအကျိုး၊ ကမ္ဘာလောကကြီးတစ်ခုလုံး ကောင်းကျိုးအထိကို ဆောင်ရွက်သင့်ကြပါသည်။..."
မောင်ဆုရှင်(၁၉၃၂-၂၀၀၉)
(ပြည့်အားမာန် မဂ္ဂဇင်း)

No comments:
Post a Comment