Thursday, January 1, 2015


  { ဤသို့ ရှုမြင်ကြသည် }
"... မုဟမ္မဒ်သည် မက္ကာဟ်နှင့် မဒီနာမြို့ပြနိုင်ငံ နှစ်နိုင်ငံတို့ကို (၇) ရာစုနှစ်များ အစပိုင်းလောက်တွင် စတင်သိမ်းသွင်း စုစည်းမိ၏။ ရာစုနှစ်ပေါင်းများစွာ အစုစု အသင်းသင်း ကွဲကာ ကျဉ်းကျဉ်း မြောင်းမြောင်း နေထိုင်လျက်ရှိနေခဲ့ကြသော အာရဗ် လူ့အဖွဲ့အစည်းအရုံးကလေးများကို သိမ်းသွင်းစုစည်းရသော စည်းရုံးရေးလုပ်ငန်းသည် သေးငယ်လွယ်ကူသော ကိစ္စတစ်ရပ်မဟုတ်ပေ။ အလွန်တရာ လေးလံခက်ခဲသော လုပ်ငန်းကြီးတစ်ခု ဖြစ်၏။ မိုဟာမက်သည် သာမန် စည်းရုံးရေးသမားကြီးတစ်ဦးသာ မဟုတ်ပေ။ နိုင်ငံရေး၊ စစ်ရေး နှင့် ယဉ်ကျေးမှု ခေါင်းဆောင်ကြီးတစ်ဦးပါ  ဖြစ်၏။ ..."

ဗန်းမော်တင်အောင်(၁၉၂၀-၁၉၇၈)
(သဘာဝသိပ္ပံ)

No comments:

Post a Comment