အီဆွာလ် - ဆိုသည်မှာ အဆက်အသွယ်ပြုလုပ်ခြင်းရှိ၏။ ကွယ်လွန်သေဆုံးသူအား စဝါးဗ်လက်ဆောင်ပို့ပြီး ၎င်းသေသူနှင့် အဆက်အသွယ်ပြုလုပ်ခြင်းကို အီဆွာလေစဝါးဗ်ဟုခေါ်၏။ ဟဒီးဆ်များတွင်မူ အိဟ်ဒါးအုလ်ဟဒီယဟ် လက်ဆောင်ပေးပို့ခြင်းဟူသော အသုံးအနှုန်းဖြင့် ဖော်ပြ၏။ ထို့ကြောင့် ဟဒီယသုလ်စဝါးဗ် - ဟူသော ဝေါဟာရဖြင့်လည်း သုံးနှုန်းကြ၏။ သေပြီးသူအတွက်ဖြစ်စေ၊ အသက်ထင်ရှားရှိနေသေးသူအတွက်ဖြစ်စေ၊ အီဆွာလေ့စဝါးဗ် ပေးပို့နိုင်၏။ ယင်းသည် ပြုပိုင်သောကိစ္စမျှမဟုတ် မွတ်စ်သဟဗ်အကျိုးရရှိသော ကောင်းမှုတစ်ခုပင်ဖြစ်၏။ ဆီမီးက ညှိယူသောမီးကဲ့သို့ ကိုယ်တိုင်လည်းကောင်းမှု မလျော့ဘဲ သူတစ်ပါးလည်း ကောင်းမှုရသော လုပ်ရပ်ဖြစ်၏။
အီဆွာလေစဝါးဗ် အမျိုးအစား သုံးမျိုးရှိ၏။
(က)မာလီခေါ် ဆွဒကာအလှူဒါန၏ အကျိုးကို ပေးပို့ခြင်း
(ခ)လေစာနီ ခေါ် ဒုအာတောင်းပေးခြင်း
(ဂ)ဗဒနီ ခေါ် ဆွလာသ် ၊ ဆွိယာမ်၊ကုရ်ဘာနီ၊တွဝါးဖ်၊ဟဂ်ျ ၊ အွမ္မရာ ၊ ကုရ်အာန်သိလာဝသ် - အစရှိသည့် ခန္ဓာကိုယ်အားဖြင့် ပြုလုပ်သော ကောင်းမှုကုသိုလ်ကိုပေးပို့ခြင်းတို့ဖြစ်၏။
ပထမနှင့် ဒုတိယ အမျိုးအစားကို အဟ်လေ့စွန္နသ်၏ ပညာရှင်များအကြား၌ အကွဲအလွဲမရှိ လက်ခံကြသော်လည်း တတိယအမျိုးအစား ဗဒနီကိုမူ ဟနဖီ နှင့် ဟမ္ဗလီမဇ်ဟဗ်တို့က ယတိပြတ်လက်ခံထားကြပြီး ရှာဖိအီနှင့် မာလီကီ မဇ်ဟဗ်ဝင်အီမာမ်အချို့၌ ငြင်းပယ်မှုအချို့ရှိနေ၏။ ကွယ်လွန်သေဆုံးသူကို ရှေ့ထား၍ ဖတ်ရွတ်ပေးသော ဂျနာဇာဆွလာသ်သည် ခန္ဓာကိုယ်အားဖြင့် ပြုလုပ်သော ဖရဇ်ကိဖွာယာဖြစ်သော ကောင်းမှုကုသိုလ်ပင် မဟုတ်ပါလော။ အီဆွာလေ့စဝါးဗ်သုံးမျိုးလုံး ပိုင်ကြောင်း၊ သူသေထံသို့ ရောက်ရှိကြောင်း ထိုသို့ပေးပို့သော ကုသိုလ်အကျိုးကြောင့် သူသေသည် အကျိုးခံစားရကြောင်း၊ အလ္လာမဟ် ကိုင်ယင်မ်က မိမိ၏ ကိသုဗုရ်ရူဟ် ကျမ်း၊ စာ-၁၅၃ ၌လည်းကောင်း၊ အလ္လာမဟ်အိဗ်နေ့ဟဂျရ် က ဗိုခါရီ ရှာရဟ်၊ ဖသ်ဟုလ်ဘာရီ၊ တွဲ-၅၊ စာ-၄၇၇) ဟဒီးဆ် ၂၇၆၁ အဖွင့်တွင်လည်းကောင်း၊ အီမာမ် စုယူတွီက ရှရဟွတ်စ်စုဒူးရ်ကျမ်း၊ စာ-၄၀၂ တွင်လည်းကောင်း၊ အလ္လာဟ်မဟ်အိဗ်နေ့ကဆီရ်က အလ်ဗိဒါယာ၊ တွဲ-၁၊ စာ-၂၉၆ တွင်လည်းကောင်း၊ ဟနဖီအကြီးအမှူးများ၏ ကျမ်းများဖြစ်သော ရှာမီ၊ တွဲ-၂ ၊စာ - ၂၄၃ ၊ ဖသ်ကုလ်ကရီရ် ၊ တွဲ -၃ ၊ စာ - ၆၅ )တို့တွင် လည်းကောင်း ဖော်ပြထား၏။
عن ابراهيم بن صا لح بن درهم،قالး.....................................
ဤဟဒီးဆ်မှ
၁။ ခန္ဓာဖြင့် ပြုလုပ်သော ကောင်းမှုကို အခြားသူတစ်ဦးအတွက် ပြုလုပ်ပေးပြီး အမျှဝေခြင်း ပြုပိုင်ကြောင်း
၂။မည်သူမည်ဝါအတွက် ရည်စူးပါသည်ဟု နှုတ်မှပြောဆိုခြင်း ပိုင်ကြောင်း
၃။မိမိပြုသောကောင်းမှုကို အသက်ထင်ရှားရှိသူအတွက် ရည်စူးပြုလုပ်ပေးနိုင်ကြောင်း သိနိုင်၏။
ထို့အပြင် ကွယ်လွန်သွားပြီးသူ သို့မဟုတ် နာမကျန်းသူဘက်မှ ဟဂ်ျပြုလုပ်ပေးရန် (ဟဂ်ျဗဒလ်ပြုလုပ်ပေးရန်)ဟဒီးဆ်တွင် ဟဂ်ျသည် ခန္ဓအားဖြင့် လည်းကောင်း၊ ငွေကြေးအားဖြင့်လည်းကောင်း ပြုလုပ်ရသည့် အိဘာဒသ်ဖြစ်သည်။ မိမိပိုင်ဆိုင်သော ပစ္စည်းကို အခြားသူကို အပိုင်ပေးလိုက်လျှင် ထိုဥစ္စာသည် အခြားသူပိုင် ပစ္စည်းဖြစ်သွားခြင်းကို ရှရီအသ်က အသိအမှတ်ပြုသဖြင့် လူတစ်ဦးက မိမိဘက်မှ ဇကားသ်ပေးလိုက်ပါဟု ပြောသည်ကို အခြားသူလာကြည်ဖြူလက်ခံ၍ ဇကားသ်အဖြစ်ပေးလိုက်လျှင် ဇကားသ်တာဝန် ကျေပွန်သွား၏ မိမိပြုလုပ်သော ကောင်းမှုကို အခြားသူအတွက် ရည်စူးလိုက်လျှင် အခြားသူလည်း ထိုစဝါးဗ်ကို ရမည်ဖြစ်သည်။ ဥစ္စာပစ္စည်းနှင့် ဆဝါးဗ်မှ ခြားနားချက် တစ်ခုတော့ရှိ၏။ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို အခြားသူအားပေးလိုက်လျှင် ထိုဥစ္စာသည် မိမိ၌ လျော့နည်းသွား၏။ အပိုင်ပေးပြီးသော ဥစ္စာပစ္စည်းကို မိမိ ပိုင်ဆိုင်ခြင်းမရှိတော့ပေ။ ဆဝါးဗ်ကမူ ထိုသို့မဟုတ်ပေ။ အခြားသူအား ပညာ သင်ပေးလိုက်၍ မိမိမိ၌ ပညာလျော့သွားခြင်းမရှိသကဲ့သို့ ဆဝါးဗ်ကို အမျှဝေ၍ မိမိ၌ ဆဝါးဗ်လျော့နည်းသွားခြင်းမရှိပေ။ ဆီမီးတိုင်က မီးကို အခြားဆီမီးတိုင်သို့ အမျှဝေပေး၍ ပထမဆီမီးတိုင်၌ အလင်းအားလျော့မသွားပေ။
انه كا ن يضحى بكبشين.......................
မောင်လာအလီသခင်သည် ဆိတ်နှစ်ကောင် ကုရ်ဘာနီပြုလုပ်လေ့ရှိ၏။ တစ်ကောင်မှာ မဟာတမန်တော်မြတ်ကြီး(ဆွ)ဘက်မှ ပြုလုပ်ပေးခြင်းဖြစ်ပြီး နောက်တစ်ကောင်မှာ မိမိဘက်မှဖြစ်၏။ အဘယ်ကြောင့် ထိုသို့ပြုလုပ်ရကြောင်း မေးရာ ကိုယ်တော်မြတ်က ထိုသို့ပြုလုပ်ရန် လမ်းညွှန်ခဲ့သောကြောင့် မိမိပြုလုပ်ခြင်းဖြစ်ပြီး ထိုဓလေ့ကို ဘယ်သောအခါမျှ မိမိ စွန့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ဖြေဆို၏။ (အဗူဒါဝူးဒ်ကျမ်း၊ ကွယ်လွန်သူအတွက် ကုရ်ဘာနီပြုလုပ်ခြင်း အခန်း-၁၅၊ ဟဒီးဆ် ၂၇၈၄)
ခန္ဓာကိုယ်ဖြင့် ပြုလုပ်သော ကောင်းမှုကုသိုလ်ကို ကွယ်လွန်ပြီးသူအတွက် ပေးပို့လျှင် ရောက်ရှိကြောင်းကို အီမာမ်အဗူဒါဝူးဒ်က ဤဟဒီးဆ်ဖြင့် အထောက်အထားပြထား၏။ နွားနှင့်ကုလားအုတ်ကို လူ(၇)ဦးဘက်မှ ပြုလုပ်ခွင့်ပြုထားခြင်းမှာလည်း အခြားသူဘက်မှ ကောင်းမှုပြုလုပ်ပေးခြင်း ပိုင်ကြောင်း အထောက်အထားပင်ဖြစ်သည်။
မဟာတမန်တော်မြတ်ကြီး(ဆွ)သည်လည်း မိမိအတွက်လည်းကောင်း၊ မိမိ၏ဆွေတော်မျိုးတော် အဟ်လေဘိုက်(သ်)အတွက်လည်းကောင်း၊ မိမိအွမ္မသ်ထုတစ်ရပ်လုံးအတွက်လည်းကောင်း၊ ကုရ်ဗာနီပြုတော်မူ၍-
အလ္လာဟ်ဟွမ္မ တကဗ္ဗလ် မင်မိုဟမ္မဒင်န်၊ ဝ-အ-လေ့၊ မိုဟမ္မဒင်န် ဝမင်မ် အွမ္မတေ့ မိုဟမ္မဒ်ဒင်မ်။

No comments:
Post a Comment