Thursday, January 15, 2015

ကုရ်အာန်ရွတ်ဖတ်ခြင်း

       ကုရ်အာန်ရွတ်ဖတ်ခြင်းသည် ကဗရ်၌ ပြုသည်ဖြစ်စေ၊ အိမ်၌ပြုလုပ်သည်ဖြစ်စေ ပြုပိုင်သောကိစ္စသာဖြစ်၏။ကုရ်အာန်သည်  အလ္လာဟ်အရှင်မြတ်၏ ကလာမ်တော်ဖြစ်ပြီး အကျိုးကျေးဇူး အလွန်ကြီးမား၍ ဂုဏ်သရေကြီးမြတ်လှသော ကျမ်းတော်ဖြစ်၏။ ဗလီ၌ဖတ်ရွတ်သည်ဖြစ်စေ၊ အိမ်၌ဖတ်ရွတ်သည်ဖြစ်စေ၊ ကဗရ်စတာန်၌ ဖတ်ရွတ်သည်ဖြစ်စေ အကျိုးစဝါးဗ်ရမည်သာဖြစ်၏။ ဗျည်းတစ်လုံးစီအတွက် စဝါးဗ်ဆယ်ခု ရေးမှတ်ပေးခြင်းခံရမည်ဖြစ်၏။ ကဗရ်စတာန်ကို မည်သည့်မွတ်စလင်မ်ကမျှ အိမ်သာကဲ့သို့ သဘောထား၍ ကုရ်အာန်ဖတ်ရွတ်ခြင်းမပိုင်သောနေရာအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ ကဗရ်တွင် ကုရ်အာန်ဖတ်ရွတ်ခြင်းသည် ဆွဟာဗာကြီးများ၏ ဓလေ့လည်းဖြစ်၏။ မဟာတမန်တော်မြတ်ကြီး(ဆွ)သည် အုဟုဒ်ကြိုးပမ်းမှု၌ ကျဆုံးကြသော ရှဟီးဒ်များ၏ ကဗရ်သို့လာရောက် ဇေယာရသ်ပြုသောအခါ ပို့သသော စလာမ်သည်ပင် ကုရ်အာန်ကျမ်းတော်မြတ် (၁၃း၂၄ အာယသ်တော်ဖြစ်၏။ ထိုမျှမက လူတစ်ဦးကွယ်လွန်လျှင် သူ၏ကဗရ်ခေါင်းရင်းပိုင်း၌ စူရာဖာသေဟာကိုလည်းကောင်း၊ ခြေရင်းပိုင်း၌ လစ်လ္လာဟိ မာဖစ်စမာဝါးသ် - ကို လည်းကောင်း ဖတ်ရွတ်ကြရန် လမ်းညွှန်တော်မူခဲ့၏။ ဆွဟာဗာကြီးများသည်လည်း ထိုဓလေ့ကို ကျင့်သုံးခဲ့ကြကြောင်း ဟဒီးဆ် များ၌ရှိ၏။
       အဗ္ဗဒုလ္လာဟ်ဗင်အုမရ်(ရသွိ)က ဆင့်ပြန်၏။
 سمعت النى(ص)يقول اذاما ت احدكم فلا تجسواسرعوبه على...................
       ကိုယ်တော်မြတ်ကြီး(ဆွ)မိန့်တော်မူသည်ကို ကျွန်ုပ်ကြားခဲ့၏။ ကိုယ်တော်မြတ်က - အသင်တို့အနက် တစ်ဦးတစ်ယောက် ကွယ်လွန်သွားလျှင် သူ့အား အချိန်ဆွဲ၍မထားဘဲ ကဗရ်သို့ အလျင်အမြန်ပို့ကြလော့။ သူ၏ကဗရ်ခေါင်းရင်းပိုင်း၌ စူရာဖွာသေဟာကိုလည်းကောင်း၊ ခြေရင်းပိုင်း၌ စူရာဗကရာ၏ နောက်ဆုံးအာယသ်ကိုလည်းကောင်း ဖတ်ရွတ်ပေးကြလော့-ဟု မိန့်တော်မူခဲ့သည်။
(ဗိုင်ဟကီ၊ မစ်ရှ်ကားသ်ကျမ်း)

       ဤဟဒီးဆ်ကို အီမာမ်နဝဝီနှင့် ဟာဖစ်ဇ် အိဗ်နုဟဂျရ်(ရဟ်)တို့က ဟဆန်အဆင့် သတ်မှတ်ထား၏။ (အလ်အဇ်ကားရ်၊ စာ-၂၁၂၊ ဟဒီးဆ်-၄၉၃ ၊ အလ်ဖုသူဟားသ် အလ်ရဗ်ဗာနီ ယဟ်၊ တွဲ-၃၊ စာ-၁၉၄)
       ဆွဟာဗာကြီး အမရ်ဗင်န် အားစ် (ရသွိ) မကွယ်လွန်မီ ဝဆွီယတ်ပြုရာ၌ -
 ثم اقيمواحول قبرى حتى استنانس بكم وا علم ما ذآرجع رسل ربى
       ငါ့အား ဒဖန်ပြုလုပ်ပြီးနောက် ငါ၏ ကဗရ်ပတ်လည်တွင် အသင်တို့နှင့် ငါသည် ရင်းနှီးကျွမ်းဝင်လောက်သည့်အချိန်မျှကြာအောင် ရပ်ပေးကြလော့။ သို့ဆိုလျှင် ငါသည် ငါ့အရှင်၏ စေတမန်များ (မွတ်ကိရ် ၊ နကိရ်များ)အား မည်သို့ အဖြေပေးရမည်ကို ငါသိသွားပေအံ့။ (မစ်ရှ်ကားသ်၊ ဗားဗွတ်ဒဖန်ကဏ္ဍ)

       ဂျလာလွဒ္ဒီန်စုယူတွီသခင်၏ ရှရဟွတ်ဆွိဒူးရ်ကျမ်း၌ ဖော်ပြထားသည်မှာ အနတ်စ်(ရသွိ)က ဆင့်ပြန်၏။

       မဟာတမန်တော်မြတ်ကြီး(ဆွ)မိန့်တော်မူ၏။အကြင်သူသည် ကဗရ်စတာန်သို့ဝင်ရောက်ပြီး စူရာယာစီးန်ကို ရွတ်ဖတ်သရဇ္ဈာယ်မည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ကဗရ်သကဗရ်သားတို့အပေါ် သက်သာမှုပေးတော်မူပြီး ဖတ်ရွတ်သူအားလည်း ယင်းစူရာကဏ္ဍအတွင်း၌ရှိသော (ဗျည်းများ၏)အရေအတွက်နှင့်အမျှ ကောင်းမှုများပေးသနားချီးမြှင့် ပေးတော်မူအံ့။



No comments:

Post a Comment