Friday, January 16, 2015

ဗစ်ဒ်အတ်နှင့် သတိပြုဆင်ခြင်ဖွယ်ရာများ

       အစ္စလာမ်သည် မဇ္ဇိမပဋိပဋာ အလယ်အလတ်တရား၊ ဆွိရာသုလ်မွတ်စ်တကီးမ်ဖြစ်၏။ လျော့လျှင် မိစ္ဆာ ၊ သာလျှင် ဒိဋ္ဌိဆိုသည့် အစွန်းတရားနှစ်ပါး ကင်းလွတ်ရာ လမ်းစဉ်ဖြစ်သည်။ အစွန်းရောက်ခြင်းကို အစ္စလာမ်က တားမြစ်ထား၏။ မည်သည့်ကိစ္စတွင်မျှ အစွန်းမရောက်သင့်ပေ။ ယနေ့အစ္စလာမ်ကမ္ဘာ၌ မွတ်စလင်တို့စိတ်ဝမ်းကွဲပြားမှုများသည် အစွန်းရောက်တရားများကြောင့်သာ ဖြစ်ရ၏။ မိမိလုပ်သော အလုပ်ကို မလုပ်သူကို ဝဟာဗီ၊ တစ်ဖက်ကလည်း မိမိမလုပ်သော အလုပ်ကို လုပ်၍ ဗိဒအသီ ဆိုနေကြခြင်းသည် အစွန်းတရားများသာဖြစ်၏။ မွတ်စ်သဟဗ်၊ မိုဗာကိစ္စရပ်များတွင် အိဖ်ရားသွ်(အဆုံးစွန်ပြုလုပ်ခြင်း)နှင့် သဖ်ရီးတွ် (အသည်းအသန်ငြင်းဆန်ခြင်း)ကို ရှောင်ကြဉ်အပ်လှ၏။ အဆိုပါ အိဖ်ရားတ်ွနှင့် သဖ်ရီးတ်ွကြောင့်သာ ရှေးအွမ္မသ်များ ပျက်စီးခဲ့ကြ၏။ ရှေးလူ့အဖွဲ့အစည်းတို့သည် သာသနာရေးရာ၌ အစွန်းရောက်မှုကြောင့် ပျက်စီးကြသဖြင့် အသင်တို့သည် သာသနာရေးရာ၌ အစွန်းရောက်မှုကြောင့် ပျက်စီးကြသဖြင့် အသင်တို့သည် သာသနာရေးရာ၌ အစွန်းရောက်မှုကို ရှောင်ကြဉ်ကြ - ဟု တမန်တော်မြတ်ကြီးက နောက်ဆုံးဟဂ်ျမိန့်ခွန်း အွမ္မသ်ထုတစ်ရပ်လုံးအား သတိပေးတော်မူခဲ့၏။ အလ္လာဟ်လိုလားသော အွမ္မသ်၏ လက္ခဏာမှာ အလယ် အလတ် ကျသော အွမ္မသ် اُمَّة وسَطٌ သာဖြစ်၏။ (ကုရ်အာန် ၂း၁၄၃) မဟာတမန်တော်မြတ်ကြီးကလည်း خير الاعمال اوسطها  အကောင်းဆုံးကျင့်စဉ်ကျင့်ရပ်မှာ အလယ်အလတ်ကျသော ကျင့်စဉ်ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။ (ဗိုင်ဟကီကျမ်း၊ ရှအဗွလ်အီမာန်ကျမ်း-၃း၄၀၂၊ ဟဒီးဆ်အမှတ် ၃၈၈၇)
       အီဆာနဗီအား အသည်းအသန်ငြင်း၍ နောက်ဆုံးလုပ်ကြံဖို့ ကြိုးစားခဲ့သော ယဟူဒီများသည် အလ္လာဟ်အရှင်မြတ်၏ "ဂဒွဗ်"ကျရောက်၍ မဂ္ဂဒူးဗ်(အမျက်တော်အရှခံရသူများ)ဖြစ်သွားကြပြီး အီဆာနဗီအပေါ် အလွန်အမင်း အကြည်အညိုလွန်၍ အလ္လာဟ့်သားတော်နှင့် အလ္လာဟ်အပြင် နောက်ထပ် ကိုးကွယ်ရာ တစ်ပါးနေရာအရောက်ပို့လိုက်ကြသော နစ္စရာနီများသည် ဒွလာလသ် ရောက်ကြကာ(ဒွါလီးန်)(လမ်းမှားရောက်သူများ)ဖြစ်သွားကြရ၏။ ဆွိရာသွလ်မွတ်စ်တကီမ်သည် မဂ္ဂဒူးဗ်တို့၏ သဖ်ရီးတ်ွနှင့် ဒွါလီးန်တို့၏ အိဖ်ရားဒ်ွဟူသည် အစွန်းနှစ်ပါးလွတ်သော လမ်းစဉ်သာဖြစ်၏။ မဟာတမန်တော်မြတ်ကြီး မရှိတော့ပြီးနောက် မောင်လာအလီ(ရသွိ)လက်ထက်တွင် အလီသခင်အား အသည်းအသန်ငြင်း၍ နောက်ဆုံးလုပ်ကြံခဲ့သည့် ခါရေဂျီယာများနှင့် အလီသခင်အား အကြည်အညိုလွန်ကြသော မိမိတို့ကိုယ်ကို "ရှိအာသိုအလီ"ဆိုသော အဖွဲ့အစည်း နှစ်ရပ်ပေါ်ထွန်းခဲ့၏။ ထိုအုပ်စု နှစ်ခုစလုံးသည် ပျက်စီးကြမည့်သူများဖြစ်ကြောင်း အလီသခင်ကိုယ်တော်တိုင် ကြေငြာထားတော်မူခဲ့၏။(ဤကြေညာချက်သည် ရဂှီအာတို့၏ ဟဒီးဆ်မှတ်တမ်းများ၌လည်းကောင်း၊ စွန္နီတို့၏ ဟဒီးဆ်မှတ်တမ်းများ၌လည်းကောင်း ဖော်ပြပါရှိ၏။) ရှီအာတို့၏ နဟ်ဂျွတ်လ်ဗလာဂါကျမ်း၌ ဖော်ပြထားသည်မှာ-
 وسيهلك فى صنفان:ــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــــ
...........................................................
..........................................................
       ငါနှင့်ပတ်သက်၍ အုပ်စုနှစ်စုသည် ပျက်စီးကြရပေလိမ့်မည်။ အုပ်စုတစ်စုမှာ ငါ့အား အလွန်အမင်းချစ်ကြသောအုပ်စုဖြစ်၏။၎င်းတို့၏ အချစ်တရားက ၎င်းတို့အား အမှန်တရားနှင့်ဝေးရာကို ခေါ်ဆောင်သွားလိမ့်မည်။ နောက်အုပ်စု တစ်စုမှာ ငါ့အား အသည်းအသန် အမုန်းထားကြသူများဖြစ်၏။ ၎င်းတို့၏ အမုန်း တရားကလည်း ၎င်းတို့အား အမှန်တရားနှင့် ဝေးရာကိုခေါ်သွား၏။ ငါနှင့် ပတ်သက်၍ အကောင်းဆုံးလူမှာ အလယ်အလတ်လမ်းစဉ်ပေါ်၌ ရှိသူဖြစ်၏။ အသင်တို့သည် ထိုသူတို့နှင့်အတူရှိကြ။ "စဝါဒုလ်အအ်ဇွမ်" မွတ်စလင် အများစု၏ လမ်းစဉ်ကို လိုက်ကြလော့။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်၏ လက်တော်(ကူညီမှုကာကွယ်မှု)သည် မွတ်စလင်မ်ထု၏ စုစည်းမှုအပေါ်၌သာရှိ၏။ မွတ်စလင်ထုမှ ခွဲထွက်၍ အုပ်စုဖွဲ့ဂိုဏ်းထောင်ခြင်းကို ရှောင်ကြဉ်ကြလော့။ ဆိပ်အုပ်မှ ခွဲထွက်သော ဆိတ်သည် ဝံပုလွေအတွက် အစာဖြစ်သကဲ့သို့ မွတ်စလင်ထုမှ ခွဲထွက်သူသည် ရှိုင်တွာန်အတွက် သားကောင်ပမာဖြစ်၏။ (မောင်လာအလီသခင်က အလွန်လှပသော စကားအသုံးအနှုန်းဖြင့် ဆက်လက်မိန့်သည်မှာ)
وَإِحْيَاؤُهُ اَلْإِجْتَمِا عُ عَلَيْهِ٬وَإِمَا تَتُهُ الْإِ فْتَرَا قُ عَنْهُ
Destruction means to divide, Revival means to unite
ပေါင်းစည်းညီညွတ်မှုသည် ရှင်သန်စေမှုဖြစ်ပြီး ကွဲပြားမှုသည် သေဆုံးပျက်စီးစေမှုပင် ဖြစ်၏။
       (အစွန်းထွက်သူများကို အလီသခင်က မုဖ်ရစ်တ်ွဟု ခေါ်ဆိုထား၏။)(နဟ်ဂျွလ်ဗလာဂဟ်ကျမ်း)၊ခွတ္တဗာအမှတ် ၁၂၇)အင်္ဂလိပ်ဘာသာပြန်၊ တွဲ-၂၊ စာ-၉)
       စွန္နီတို့၏ ဟဒီးဆ်မှတ်တမ်းများ၌မူ အောက်ပါစာသွားဖြင့် ဖော်ပြ၏။
مُحِبُّ يفرط لى ليس فى ومبغض مفر ط يحمله شنا نى على ان يبهتنى
       ငါ့အား အချစ်လွန်သူများသည် ငါ၌မရှိသော ဂုဏ်များဖော်ထုတ်ကြမည်။ ငါ့အား အသည်းအသန်မုန်းသူတို့ကမူ ငါ၌ရှိပြီး ဂုဏ်များကိုပင် မှေးမှိန်အောင်ပြုလုပ်ကြလိမ့်မည်။ (မွတ်စနဒ်အဟ်မဒ် တွဲ-၁၊ စာ-၁၆၀၊ ဟာကင်မ်ကျမ်း၊ တွဲ-၃၊ စာ-၁၂၃)
       အဟ်လေ့စွန္နတ်ဆိုသည်မှာ အစွန်းနှစ်ဖက်စလုံးကို လက်မခံသော အများစုသော မွတ်စလင်မ်ထုကြီးဖြစ်၏။ အမှန်အားဖြင့် ထိုအစွန်းနှစ်ဖက်၌ ရှိသော အုပ်စုနှစ်စုစလုံးသည် ဗစ်ဒ်အသီများအဖြစ် အဟ်လေစွန္နသ်က ခံယူထား၏။ အစွန်းရောက်လုပ်ရပ်များအား မွတ်စလင်တို့ သတိပြု ရှောင်ကြဉ်အပ်၏။
*****

No comments:

Post a Comment