ဗိဒ်အသ်(၅)မျိုး
ဗိဒ်အသ်တို့တွင် ဗိဒ်အသ်လိုဂဝီယာ (ခေါ်) ဗိဒ်အသ်ဟစနာ (ကောင်းသော ဗိဒ်အသ်)နှင့် ဗိဒ်အသ်ရှရ်အီယာ(ခေါ်)ဗိဒ်အသ်စိုင်ယိအဟ်(ဆိုးရွားသော ဗိဒ်အသ်)ဟူ၍ ပင်မအမျိုးအစားနှစ်ရပ်ရှိပြီး ဖိကဟ်ပညတ်ပိုင်းဆိုင်ရာအရ ၄င်းဗိဒ်အသ်များတွင် အဆင့်အတန်းအားဖြင့် အမိန့်ပညတ်(၅)မျိုးရှိသည်။
၎င်းအမိန့်ပညတ်(၅)မျိုးမှာ-
(၁)ဗိဒ်အသ်ဝါဂျီဗဟ်(Compulsory Innovation)
(၂)ဗိဒ်အသ်မွတ်စ်တဟိဗဟ်(ခေါ်)မွတ်စ်သဟ်စိနဟ် (Recommendated Innovation)
(၃)ဗိဒ်အသ်မုဗာဟဟ်(Permissible Innovation)
(၄)ဗိဒ်အသ်မုဟရ်ရမဟ်(Forbidden Innovation)
(၅)ဗိဒ်အသ်မက္ကရူဟဟ်(Prohibited Innovation) - တို့ ဖြစ်သည်။
၎င်းအမိန့်ပညတ်(၅)မျိုးနှင့်ပတ်သက်၍ ကုရ်အာန် သဖ်စီရ် ကျမ်းကြီးများနှင့် ဟဒီးဆ်အကျယ်ပြန်ကျမ်းကြီးများ၌ သာသနာ့ပညာရှင် အကျော်အမော်တို့၏ ရှင်းလင်းရေးသားချက်များကို စုစည်းဖော်ပြလိုက်ပါသည်။
(၁) ပထမဦးစွာ ကုရ်အာန်သဖ်စီရ်ကျမ်းတစ်ကျမ်းဖြစ်သော သဖ်စီရ်ရုဟုလ်မအာနီကျမ်းတွင် ကျမ်းရှင် အီမာမ်အာ လူစီ က ရေးသည်မှာ-
وتسيل الكلا م فى البد عة ما ذ كر ٥ الإ ما م محى *********************** ١٩٢:١٤
وتسيل الكلا م فى البد عة ما ذ كر ٥ الإ ما م محى *********************** ١٩٢:١٤
အီမာမမ်မုဟိုင်ယွတ်ဒီးန်နဝဝီက မွတ်စလင်ကျမ်း၏ ရှရဟ် အကျယ်ပြန်ကျမ်းတွင် ဗိဒ်အသ်ကို အကျယ်ဖွင့်ဆိုရှင်းလင်း တင်ပြထားသည်မှာ သာသနာ့ပညာရှင်တို့က မိန့်ဆိုကြသည် ၊ ဗိဒ်အသ်သည် (၅)မျိုးရှိသည်။ (၁)ဝါဂျစ်ဗ်၊ (၂) မန်ဒူးဗ်(စွန္နသ်၊မွတ်စ်သဟဗ်)၊ (၃)ဟရာမ် (၄) မက္ကရူဟ်နှင့် (၅)မုဗာဟ်တို့ဖြစ်သည်။ (အဗူ ရှဟာဗုဒ္ဒီးန် စိုင်ယိဒ် မဟ်မူးဒ် အာလူစီ ဘဂ္ဂဒါဒီ - ရူဟုလ် မအာနီ သဖ်စီရီလ် ကုရ်အားနီလ် အဇွီးမ် ဝဆ်ွစဗ်အိလ် မဆာနီကျမ်း)
(၂) မွတ်စလင်မ်ကျမ်း၏ ရှရဟ်ကျမ်း တစ်ကျမ်းဖြစ်သော ရှရဟ်ဆွဟီးဟ် မွတ်စလင်မ် ကျမ်းတွင် ကျမ်းရှင် အီမာမ်နဝဝီ (ဟိဂ်ျရီ ၆၃၁-၆၇၆/ခရစ် ၁၂၃၃-၁၂၇၈)က ရေးသည်မှာ -
قوله سلى الله عليه واله *********************** (الاحقا ف٬٤٢:٢٥)نودى شر ح سح مسلم٬ ١٥٤:٦
သာသနာ့ပညာရှင်များ မိန့်ကြသည်မှာ ဗိဒ်အသ်သည်(၅)မျိုးရှိသည်။
(၁) ဝါဂျစ်ဗ်၊
(၂)မန်ဒူးဗ်၊
(၃)ဟရာမ်၊
(၄)မက္ကရူဟ် နှင့်
(၅)မုဗာဟ်တို့ဖြစ်သည်။
قوله سلى الله عليه واله *********************** (الاحقا ف٬٤٢:٢٥)نودى شر ح سح مسلم٬ ١٥٤:٦
သာသနာ့ပညာရှင်များ မိန့်ကြသည်မှာ ဗိဒ်အသ်သည်(၅)မျိုးရှိသည်။
(၁) ဝါဂျစ်ဗ်၊
(၂)မန်ဒူးဗ်၊
(၃)ဟရာမ်၊
(၄)မက္ကရူဟ် နှင့်
(၅)မုဗာဟ်တို့ဖြစ်သည်။
ဝါဂျစ်ဗ်ဖြစ်သော ဗိဒ်အသ်(မိဒ်အသ်ဝါဂျိ) ဥပမာ- ဘုရားမဲ့ဝါဒီများ၊ အယူလွဲသူ(လမ်းလွဲသော ဗိဒ်အသ်)သမားတို့၏ မှားယွင်းမှုကို ငြင်းဆန်ရန် အတွေးအခေါ်သမားများ၏ အထောက်အထားကို ရယူခြင်း၊ မန်ဆူးဒ်ဖြစ်သော ဗိဒ်အသ် (ဗိဒ်အသ်မွတ်စ်သဟဗာဟ်)ဥပမာ- သာသနာ့ရေးရာ ပညာရပ်ဆိုင်ရာကျမ်းများ ပြုစုခြင်း၊ သာသနာ့ကျောင်းများ၊ ခန်ကာများ ဆောက်လုပ်ခြင်း အစရှိသည်တို့သည် မုဗာဟ် ဖြစ်သော ဗိဒ်အသ်၏ ဥပမာ (ဒံပေါက်)ကဲ့သို့သော အစားအသောက်များတွင် အရောင်ခြယ်ခြင်း အစရှိသည်တို့ဖြစ်သည်။ ဟရာမ်ဖြစ်သော ဗိဒ်အသ်နှင့် မက္ကရူဟ် ဖြစ်သော ဗိသ်အသ်တို့မှာ ရှင်းလင်းလှသည်။ ၄င်း၏ မဆ်အလဟ်ကို အထောက်အထားများနှင့်တစ်ကွ သဟ်ဇီးဗွလ် အပ်စမား ဝလ်လုဂါးသ်ကျမ်းတွင် ကျွန်ုပ် အကျယ်တဝင့် ရှင်းလင်းပြပြီးဖြစ်သည်။ ကျွန်ုပ်ရှင်းလင်းတင်ပြချက်ကို နားလည်သဘောပေါက်မည်ဆိုပါက كل بد عة ضلا لة ဟူသော ဟဒီးဆ်နှင့် ၄င်းဟဒီးဆ် နည်းတူ လာရှိသော ဟဒီးဆ်ရီဝါယသ်တို့သည် عا م مخصو ص ကန့်သတ်ချက်ပါသော ယေဘုယျအသုံးအနှုန်းဖြစ်သည်ဆိုခြင်းကိုလည်း သိမြင်သွားပေလိမ့်မည်။ (ဆိုလိုသည်မှာ ၄င်းသည် ဗိဒ်အသ် ဟူဟူသမျှဟူသော အဓိပ္ပါယ်မဆောင်၊ ဟရမ်ဖြစ်သော၊ မကောင်းသော ဗိဒ်အသ် ဟူဟူသမျှဆိုသော အဓိပ္ပါယ်မျှသာဖြစ်သည်။) ကျွန်ုပ် တင်ပြခဲ့ပြီးသည်တို့ကို အားဖြည့်ရန်အတွက် သရာဝီဆွလားသ်နှင့် ပတ်သက်၍ အုမရ်သခင်က نعمت بدعة ဟူ၍ မိန့်ကြားချက်ဟဒီးဆ်ကလည်း ၄င်း (كل بد عة ضلا لة) ဟဒီးဆ်ကို عا م مخصو ص ၏ ဘောင်အပြင် မရောက်ရောက်အောင် တားမြစ်ထားလေသည်။ (ဆိုလိုသည်မှာ ဗိဒ်အသ်ဟူဟူသမျှဆိုသော အဓိပ္ပာယ်မဟုတ်ဘဲ ကောင်းသော ဗိဒ်အသ်ဟူဟူသမျှဆိုသော အဓိပ္ပါယ်မဟုတ်ဘဲ ကောင်းသော ဗိဒ်အသ်လည်း ရှိနေသေးကြောင်း ကန့်သတ်ချက်တစ်ရပ်ကို ပြဆိုသည်။ كل ဟူသောပုဒ်သည် - ဟူဟူသမျှ - ဆိုသောအဓိပ္ပါယ်ကို အမြဲဆောင်သည်မဟုတ်ပဲ အကန့်အသတ် ရှိ၏။ ၄င်းသဘောကို ကုရ်အာန်ကျမ်းတော်မြတ်တွင် تد مر كل ش ء ဟူသော အာယသ်တွင် တွေ့ရှိနိုင်သည်။ (အဗူဇကရီယာဟ် မုဟိုင်ယွဒ္ဒီးန် ဗင် ရှရဖ်နဝဝီ-ရှရဟ်ဆွဟီးမွတ်စလင်မ်ကျမ်း၊အတွဲ-၆၊စာမျက်နှာ-၁၅၄)
အီမာမ်နဝဝီက မိမိ၏ تهذ يب الا سما ء واللغا ت တွင် نودى٬تهذيبالاسماءواللغات٬٢٢:٣ မှာဖော်ပြထားသည်မှာ -
ရှရီအတ် အသုံးအနှုန်း၌ ဗိဒ်အသ်ဆိုသည် မဟာတမန်တော်မြတ် လက်ထက်တော်အခါ၌ မရှိသည်ကို တီထွင်မှုကို ခေါ်ဆို၏။ ဗိဒ်အသ်တွင် ကောင်းသောဗိဒ်အသ် နှင့် ဆိုးသော ဗိဒ်အသ် ဟူ၍ အမျိုးအစား ကွဲပြားသည်။ အိမာမ် မုဟမ္မဒ်အဗ္ဗ်ဒုလ် အဇီးဇ်ဗင် အဗ္ဗဒုစ်စလာမ်က ကိသာဗုလ် ကဝါအိဒ် ကျမ်း၏အဆုံးပိုင်းတွင်ရေးသည်မှာ ဗိဒ်အသ်တွင် ဝါဂျစ်ဗ်၊ ဟရာမ်၊မန်ဒူးဗ်၊မက္ကရူဟ်၊မုဗာဟ်ဟူ၍ အမျိုးအစားကွဲပြားသည်။ အဆိုပါ ပညာရှင်ကြီးက မိန့်သည်မှာ ၄င်းတို့ကို သိနိုင်သည့် နည်းလမ်းမှာ ဤသို့ဖြစ်သည်။ ဗိဒ်အသ်ကို ရှရီအသ်၏ အခြေခံမူများဖြင့် ချိန်ထိုးရမည်။ အကယ်၍ ဗိဒ်အသ် တစ်ရပ်၏အခြေခံမှာ ဝါဂျစ်ဗ်၏ အခြေခံမူနှင့် ကိုက်ညီလျှင် ဝါဂျစ်ဗ်ဖြစ်သည်။ ဟရာမ်၏ မူနှင့် ကိုက်ညီလျှင် ဟရာမ်၊ မွတ်စ်သဟဗ်၏မူနှင့်ကိုက်ညီလျှင် မွတ်စ်သဟဗ်၊ မက္ကရူဟ်၏ မူအောက်တွင် ရှိလျှင် မက္ကရူဟ်၊ မုဗာဟ်၏ အခြေခံမူဘောင်ဝင်လျှင် မုဗာဟ်ဖြစ်သည်။ ဆက်လက်၍ ယင်းဗိဒ်အသ် ငါးမျိုး၏ ဥပမာများကို ရေးသားဖော်ပြထားသည်။(အဗူဇကရီယဟ် မုဟိုင်ယွဒ္ဒီးန်ဗင် ရှရဖ်နဝဝီ-သဟ်ဇီးဗုလ် အတ်စ်မာအ်ဝလ်လုဂါးသ်ကျမ်း)
အီမာမ်နဝဝီ ကိုးကားသော ပညာရှင်မှာ အူစူလ်ပညာရပ်နှင့် ဟဒီးဆ် ပညာရပ်နယ်ပယ်မှ ကျော်ကြားသော ရှာဖီအီ အီမာမ်တစ်ပါးဖြစ်သော အီမာမ် အစ်ဇ်ုဒ္ဒီးန် အဗ်္ဗဒုလ်အဇီးဇ်ဗင် အဗ္ဗဒုစလာမ်း အတ်စလ်မီသခင် (ဟိဂ်ျရီ ၅၇၇-၆၆၀/ခရစ် ၁၁၈၁-၁၂၆၂)ဖြစ်သည်။ ၄င်းပညာရှင်ကြီးကို ထိုခေတ် ထိုအခါက سلطان العلماء ပညာရှင်တို့၏ ဘုရင်ဟူ၍ပင် ဘွဲ့အမည်တပ်၍ ခေါ်ဝေါ်ခဲ့ကြသည်။ အီမာမ်နဝဝီ က ၄င်းပညာရှင်၏ قواعدالاحكا م فى اصلاح ا لا نا م ကျမ်း၊ အတွဲ-၂၊ စာမျက်နှာ-၃၃၇ တွင် ရေးသားချက်ကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။
(၃) မုအတွာ အီမာမ်မာလစ်က်ကျမ်း၏ ရှရဟ်ဖြစ်သော ရှရဟ်မုအတ္တာကျမ်း ၏ ကျမ်းရှင်လည်း ဖြစ်၍ သဖ်စီရ်ဇုရ်ကာနီကျမ်းရှင်လည်း ဖြစ်သော အီမာမ် ဇုရ်ကာနီဟု အမည်ကျော်ကြားသည့် အဗူအဗ္ဗဒုလ္လာဟ် မုဟမ္မဒ်ဗင် အဗ္ဗ်ဒုလ်ဗာကီ ဗင် ယူစွဖ်ဗင် အဟ်မ်ဒ်အလ်ဝါးန် မစ္စရီမာလိကီ (ဟိဂ်ျရီ ၁၀၅၅-၁၁၂၂/ ခရစ် ၁၆၄၅-၁၇၁၀)ကလည်း အီမာမ်နဝဝီ နည်းတူ ရေးသားဖော်ပြခဲ့သေးသည်။(زرقانى٬شر ح المؤطا٬٢٣٨:١)
(၄) ဂျာမိအုလ်ဆွဂီးရ် ဟဒီးဆ်ကျမ်း၏ ရှရဟ်ဖြစ်သောဖိုင်ဒွလ် ဟကီးရ်ကျမ်းတွင် ကျမ်းရှင် အီမာမ် မနာဝီသခင် (ဟိဂ်ျရီ - ၉၅၂-၁၀၃၁/ ဟိဂ်ျရီ ၁၅၄၅-၁၆၂၁) (مناوى،فيض القد ير شر ح الجا مع الصغير ،٤٣٩:١)
ဤနေရာတွင် ဗိဒ်အတ်ဆိုသည်မှာ ကဒ်ဒရီယာ၊ဂျဗ္ဗရီယာ ၊မွရ်ဂျီယာ၊မုဂျပ်စီမာ ကဲ့သို့သော လွဲမှားသည့် အကီဒါများကို ဆိုလိုသည်။ ဗိဒ်အသ်(၅)မျိုးရှိသည်။ ၄င်းတို့မှာ -
(က) ဝါဂျစ်ဗ်
ဥပမာ-(လမ်းလွဲသူများကို)ငြင်းပယ်ရန် ဖီလိုဆိုဖီ အတွေးအခေါ် ပညာရှင်တို့၏ အထောက်အထားကို ယူခြင်း၊ ကုရ်အာန်နှင့် ဟဒီးဆ်ကို နားလည်ရန် နဟ်ဝ် သဒ္ဒါ ပညာကို သင်ခြင်း အစရှိသည်တို့ဖြစ်သည်။
(ခ) မန်ဒူးဗ်(မွတ်စသဟဗ်)
ဥပမာ-ခန်ကာဟ်များ၊မဒရ်ဆာများ အစရှိသည်တို့ ထူထောင်ခြင်း၊ အစ္စလာမ့် ခေတ်ဦးပိုင်းကာလက မရှိခဲ့သော ကောင်းမြတ်သည့်လုပ်ရပ် အားလုံး။
(ဂ) မက္ကရူဟ်
ဥပမာ-ဗလီများကို အလှဆင်ခြယ်သခြင်း၊ ကုရ်အာန်ကျမ်းတော်မြတ်ကို အလှဒီဇိုင်းဆင်ခြင်း။
(ဃ)မုဗာဟ်
ဥပမာ-ဖဂျရ်နမာဇ်နှင့် အဆွရ်နမားဇ်များပြီးနောက် အချင်းချင်း လက်ဆွဲနှုတ်ဆက်၍ နှုတ်ဆက်ခြင်း၊ အစားကောင်းအသောက်ကောင်း၊ အဝတ်အစားကောင်း ၊ အိမ်ရာကောင်းကောင်းဖြင့် နေထိုင်ခြင်း၊ခြုံလွှာကောင်းသုံးခြင်း၊ လက်တိုအင်္ကျီကဲ့သို့ လက်ဖျံပေါ်သော အင်္ကျီဝတ်ခြင်း၊ ထိုအကြောင်းကို အီမာမ်နဝဝီက သဟ်ဇီးဗ်ကျမ်းတွင် ဖော်ပြထားသည်။ (အဗ္ဗ်ဒုရ် ရအူးဖ် ဗင် သာဂျုလ် အာရိဖီးန် ဗင် အလီဗင် ဇိုင်နွလ်အာဗီဒီးန် ဖိုင်ဒွလ်ကရီရ် ရှရဟ် ဂျာမိအိလ်ဆွဂီရ် ၊ အတွဲ - ၁၊ စာမျက်နှာ - ၄၃၉ )
(၅) ဤကျမ်းကိုပင် ကိုးကား၍ ဟနဖီပညာရှင်များအနက်မှ ထင်ရှားသော အလ္လာမာဟ်ရှာမီ(ဟစ်ဂျရီ-၁၂၄၄-၁၃၀၆)ကလည်း ရဒ်ဒုလ် မုဟ်သားရ် အလာဒုရ်ရီလ် မွတ်ခ်သားရ်ကျမ်းတွင် ဗိဒ်အသီဟူသော ဝေါဟာရ၏ ရှင်းလင်းချက် အောက်တွင် အောက်ပါအတိုင်း ရေးသားထားသည်။
قوله أي صا حب بد عة ( أى محر مة وإلاّفقد تكون وا جبة كنصب الا دلة للردعلى أهل الفرق ******************************* ابن عا بد ين شا مى ،ردالمحتا رعلى درالمختا ر،٤١٤:١
ထို့အပြင် အလ္လာမဟ် ရှာမီသည် အတွဲ-၁၊ စာမျက်နှာ-၃၇၀ တွင် ဗိဒ်အသ်ဟုဆိုလိုက်သည်နှင့် ဟရာမ်၊ မက္ကရူဟ်၊ မိုဗာဟ်တို့လည်း ရှိသေးကြောင်းကို ရေးသားထားသေးသည်။
(၆) အဟ်လုဟဒီးဆ်နှင့် ဆလဖီတို့က မိမိတို့၏ ဥသျှောင် အိမာမ်အဖြစ် လက်ခံထားသော အလ္လာမာဟ် ရှောင်ကာနီက မိမိ၏ ကျော်ကြားလှသော ကျမ်းကြီးဖြစ်သော နိုင်လွလ်အောင်တွာရ်ကျမ်းတွင် ရေးသားသည်မှာ-
البدعةأصلها ماأحدث على**********(شوكانى،نيل الاوطارشرح منتقى الاخبار،٦٣:٣)
(အဘိဓါန်အရ) ဗိဒ်အသ်ဆိုသည်မှာ နဂိုက ပုံစံတူမရှိခဲ့ပဲ အသစ်ပြုလုပ်သောကိစ္စကိုခေါ်ဆိုသည်။ ရှရီအသ်ဘာသာရပ်ဆိုင်ရာ အသုံးအနှုံး၌ ဗိဒ်အသ်ဆိုသည်မှာမူ စွန္နသ်၏ ဆန့်ကျင်ဘက်အရာဖြစ်ပြီး နှစ်သက်ဖွယ်မဟုတ်သောအရာ ဖြစ်သည်။ သုတေသနပြုချက်များအရ ဆိုရသော် အကယ်၍ ဗိဒ်အသ်တစ်ရပ်သည် ရှရီအသ်က ကောင်းသည်ဟု သတ်မှတ်သည့်မူဘောင်ဝင်လျှင် ကောင်းသောဗိဒ်အသ်ဖြစ်ပြီး ရှရီအသ်က မကောင်းဟူ၍ သတ်မှတ်သည့် မူဘောင်ဝင်လျှင် မကောင်းသောဗိဒ်အသ်ဖြစ်သည်။ သို့မဟုတ်ပါမူ အကောင်းလည်း မဟုတ်။ အဆိုးလည်း မမည်သော် မုဗာဟ်ဖြစ်သည်။ ဗိဒ်အသ်၏ အမိန့်ပညတ်သည်(၅)မျိုးရှိသည်။(မုဟမ္မဒ်ဗင်အလီဗင်မုဟမ္မဒ်ရှောင်ကာနီ-နိုင်လွလ်အောင်တွာရ်ကျမ်း၊ အတွဲ-၃၊စာမျက်နှာ-၆၃)
(၇) အဟ်လုဟဒီးဆ် ပညာရှင်တစ်ပါးဖြစ်သော မောင်ဝ်လာနာ ဝဟီဒုဇ်မားန်း (ဟိဂ်ျရီ ၁၃၂၇)က ဟဒီးယသုလ် မဟ်ဒီကျမ်းတွင် ရေးသားသည်မှာ-
امآلبدعةاللغويةفهي تنقسم إلى مبا حةومكروهةوحسنة************ وحيدالزمان،هديةالمهدى١١٧
ဗိဒ်အသ်လိုဂဝီယာတွင် မုဗာဟ်နှင့် မက္ကရူဟ်၊ ကောင်းသော ဗိဒ်အသ်နှင့် ဆိုးသောဗိဒ်အသ်ဟူ၍ ကွဲပြားမှုရှိသည်။ ကျွန်ုပ်တို့၏ ပညာရှင်များအနက် ရှိုက်ခ်ဝလီယွလ္လာဟ်က မိန့်သည်မှာ ဗိဒ်အသ်ဟစနဟ်ကို သွားဖြင့် ကိုက်ထားအပ်သည် (အခိုင်အမာ ကျားကုတ်ကျားခဲ ဆုပ်ကိုင်ထားသည်) မဟာတမန်တော်မြတ်က ၎င်းကို အရေးတကြီး မသတ်မှတ်ဘဲ အရေးတယူပြုတော်မူခဲ့သည်။ ဥပမာ-သရာဝီဆွလားသ်ကဲ့သို့သော (ဗိဒ်အသ်မျိုး) ဖြစ်သည်။ မုဗာဟ်ဖြစ်သော ဗိဒ်အသ်မှာ စားခြင်း၊ သောက်ခြင်း ၊ ဝတ်စားဆင်ယင်မှုဆိုင်ရာ ကိစ္စများတွင် လူတို့၏ အလေ့အထနှင့် အညီ ကျေနပ်နျစ်သက်ဖွယ်ဖြစ်အောင်ပြုလုပ်ခြင်းကဲ့သို့သော ကိစ္စမျိုးဖြစ်သည်။ သတို့သား၊ သတို့သမီးတို့အတွက် (စဟ်ရာ ပန်းကုံး) နှင်းဆီ၊စံပယ်နှင့် အခြားပန်းများ အသုံးပြုခြင်းကိုလည်း ဗိဒ်အသ်မုဗာဟ်အဖြစ် ကျွန်ုပ်ဆိုသည်။ အချို့သောသူတို့က ဟိန္ဒူကာဖိရ်တို့၏ ဓလေ့နှင့် ဆင်တူနေမှုအပေါ် တားမြစ်ကြသည်။ ကျွန်ုပ်တို့၏ အဆိုမှာမူ တုပရန်နီယသ်မရှိလျှင် လည်းကောင်း၊ ကာဖိရ်တို့၏ ဓလေ့တစ်ရပ်သည် မွတ်စလင်တို့အကြား၌ အငြင်းမပွားဘဲ ဝင်ရောက်အထိုင်ကျသွားပြီးဖြစ်သောအခါတွင်လည်းကောင်း `၎င်းဆင်တူမှုသည် ကိစ္စမရှိပေ။ ဥပမာ ကုရ်တာအင်္ကျီသည် ယခင်က ကာဖိရ်တို့၏ အဝတ်အစားဖြစ်ခဲ့ပြီးနောက် မွတ်စလင်တို့အကြား အလယ်တွင် ပျံ့နှံ့သွားခဲ့သည်။ မဟာတမန်တော်မြတ်ကြီးသည် ရောမတို့၏ လက်နှစ်ဖက်ကျဉ်းသော ဂျွဗ္ဗာ အင်္ကျီကို ဝတ်ဆင်တော်မူသည်။ ကာဖိရ်တိုင်းပြည်မှ လာသော အပေါ်ဝတ်အင်္ကျီများကို ဆွဟာဗာတို့အား ဝေငှပေးတော်မူသည်။
စွန္နသ်တော်ကို စွန့်ပယ်ရာမည်သော ရှရီအသ်ဆိုင်ရာများကို ကပြောင်းကပြန်ဖြစ်စေသော လုပ်ရပ်မှာမူ ဗိဒ်အသ်ဒွလာလဟ်ဖြစ်သည်။ စိုင်ယိဒ်သခင်က အလားတူ စွန္နသ်တော်တစ်ရပ်ရှိပါလျက် ၎င်းစွန္နသ်ကို စွန့်လွှတ်၍ ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။ စွန္နသ်တော် တစ်ရပ်ရပ်ကို စွန့်လွှတ်ဆန်ကကျင် ဆောင်ရွက်ရာ မမည်သော် ၎င်းလုပ်ရပ်သည် ဗိဒ်အသ်မဟုတ်ပေ။ ၎င်း၏အခြေခံအားဖြင့် မုဗာဟ် သာဖြစ်သည်။(ဝဟီဒုဇ်ဇမာန်-ဟဒီယသုလ် မဟ်ဒီကျမ်း၊ စာမျက်နှာ -၁၁၇)
(၈) ဗိဒ်အသ်(၅)မျိုးရှိပြီး ၎င်းဗိဒ်အသ်(၅)မျိုးအနက် လမ်းမှားသည်၊ ဂျဟန္နမ်သွားမည် ဟူ၍ ဟဒီးဆ်တော်က ဖော်ပြသော ဗိဒ်အသ်မှာ ဟရာမ်ဖြစ်သော ဗိဒ်အသ်သာ ဖြစ်ကြောင်း အီမာမ်အိဗ်နုဟဂျရ်မက္ကီ(ဟိဂ်ျရီ ၉၇၄)က ရေးသည်မှာ-
وقول السا ءل نفع الله به وهل الا جتما ع للبدع المباحةجاءزجوابهنعم هوجاءز********
********(ابن حجر مكى ، الفتاوى'الله لحديثية :١٣)
ဗိဒ်အသ်ခပ်သိမ်းသည် လမ်းမှားသည် ၊ လမ်းမှားမှုခပ်သိမ်းသည်လည်း ငရဲလားအံ့ဟူသော ဟဒီးဆ်တွင် ဗိဒ်အသ်မုဟရ်ရမဟ် ဟရမ်ဗိဒ်အသ်သာ အကြုံးဝင်သည်။ အခြားအမျိုးအစားဗိဒ်အသ်တို့ အကြုံးမဝင်ပေ။ (အိဗ်နုအဂျရ် မက္ကီ-ဖသာဝါ ဟဒီဆီယာကျမ်း၊ စာမျက်နှာ-၁၃၀)
အဆိုပါ ပညာရှင်ကြီးက ဗိဒ်အသ်(၅)မျိုးရှိကြောင်း မလုပ်မနေရတာဝန်ဖြစ်သော ဗိဒ်အသ်အကြောင်းကိုလည်း ဤသို့ရှင်းပြထားသေးသည်။
(ဖရဇ်)ဝါဂျိဗ် တာန် ထိုက်သောဗိဒ်အသ်၏ ဥပမာအချိ့မှာ အာရဗီသဒ္ဒါ(နဟ်ဝ်)ပညာကို သင်ယူခြင်းဖြစ်သည်။ကုရ်အာန်နှင့် ဟဒီးဆ်ကို နားလည်နိုင်ရန်လိုအပ်သောကြောင့် ဖြစ်သည်။၎င်းပညာကို သင်ယူခြင်းသည် ဝါဂျိဗ် (ဖရဇ်)ဟူ၍ ဆိုရခြင်းမှာ ရှရီအသ်ကို ထိမ်းသိန်းခြင်းသည် ဝါဂျိဗ်ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းပညာမတတ်လျှင် (ကုရ်အာန်နှင့် ဟဒီးဆ်ကို နားမလည်နိုင်သဖြင့်)ရှရီအသ်ကို ထိန်းသိမ်းနိုင်မည်မဟုတ်ပေ။ အကြင်အရာတစ်ခုမရှိ၍ ဝါဂျိဗ်(ဖရဇ်)တာဝန် မထမ်းဆောင်နိုင်ဖြစ်မည်ဆိုလျှင် ထိုအရာသည်လည်း ဝါဂျိဗ်(ဖရဇ်)ပင် ဖြစ်သည်။
ဒုတိယဥပမာ- ကုရ်အာန်နှင့် ဟဒီးဆ်၏ အဓိပ္ပါယ်ယတ္တကို နားလည်နိုင်ရန် အလို့ငှာ အာရဗီဘာသာဗေဒကို တတ်သိနားလည်ခြင်းဖြစ်သည်။
တတိယဥပမာ- သာသနာ့အခြေခံမူများ၊ဖိကဟ်၏အခြေခံမူများကို ထုတ်နုတ်ပြုစုရေးသားခြင်း။
စတုတ္ထဥပမာ- ဟဒီးဆ်ရီဝါယသ်များ၏ မှန်ကန်မှု နှင့် အားနည်းမှုတို့ကို ခွဲခြားနိုင်ရန် ဆင့်ပြန်မှုစန်ဒ်၌ အားသာချက်၊ အားနည်းချက်များကို သိရှိနားလည်ခြင်း။
ဟရာမ်ဖြစ်သော ဗိဒ်အသ်မှာ ဥပမာ-ကဒ္ဒရီယာကဲ့သို့ ဂိုဏ်း၊ မွတ်စ်တဟဗ်ဗိဒ်အသ်မှာ မဒ်ရဆာ ဆောက်လုပ်ခြင်း၊ တရာဝီဆွလာသ် စုပေါင်းဝတ်ပြုခြင်း၊ မုဗဟ်ဖြစ်သောဗိဒ်အသ်မှာ ဆွလာသ်ဝတ်ပြုပြီးနောက် မုဆွာဖဟာ လက်ဆွဲနှုတ်ဆက်ခြင်း၊ မက္ကရူဟ် ဗိဒ်အသ်မှာ ကုရ်အာန်နှင့် ဗလီကို အလှဆင်ယင်ခြင်းတို့ ဖြစ်သည်။ ရွှေဖြင့် အလှဆင်မည်ဆိုလျှင်တော့ ဟရာမ်ဖြစ်ပေမည်။ ဗိဒ်အသ်ဟူသမျှ လမ်းမှား၊ လမ်းမှားဟူသမျှ ငရဲလားဟူသော ဟဒီးဆ်သည် ဟရာမ်ဖြစ်သော ဗိဒ်အသ်ကိုသာ ရည်ညွှန်းပြီး အခြားသော ဗိဒ်အသ်အမျိုးအစားများကို မရည်ရွယ်ပေ။ (အိဗ်နုဟဂျရ် မက္ကီ-ဖသာဝါ ဟဒီဆီယာကျမ်း၊ စာမျက်နှာ - ၁၃၀)
ရှရီအသ်၏ အခြေခံ၌ ရှရီအသ်ကို ထိန်းသိမ်းရန် ဖရ်ဇ်ကိဖာယာအဖြစ် ပြဋ္ဌာန်းထားပြီးဖြစ်သည်။ အထက်တွင် ကျွန်ုပ်တင်ပြခဲ့သော အသိပညာများမရှိလျှင် ရှရီအသ်ကို ထိန်းသိမ်းရန်မဖြစ်နိုင်ပေ။
မှတ်ချက်-ဟနဖီမဇ်ဟဗ်တွင် ဝါဂျစ်ဗ်ဟူသည်မှာ ဖရဇ်၏အောက် တစ်ဆင့်တွင်ရှိသော တာဝန်အဖြစ် ပြဋ္ဌာန်းထားသော်လည်း အခြားသော မဇ်ဟဗ်တို့တွင် အာရဗီအသုံးအနှုံးအရ ဖရဇ်ကိုလည်း ဝါဂျစ်ဗ်ဟူ၍သာ သုံးစွဲသည်။ ထို့ကြောင့်ဗိဒ်အသ်ဝါဂျိဗဟ်ဆိုသည်မှာ ဖရဇ်တာဝန်ဖြစ်သော ဗိဒ်အသ်နှင့် ဝါဂျစ်ဗ်တာဝန်ရှိသော ဗိဒ်အသ် နှစ်မျိုးစလုံးကို မခွဲခြားဘဲ တစ်ပေါင်းတည်းခေါ်ဆိုခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် မဖြစ်မနေပြုလုပ်ရမည့် ဗိဒ်အသ် ဖြစ်သည်။
ကုရ်အာန်ကျမ်းတော်မြတ်၌ ဇဗရ်၊ဇေရ်၊ပေ့ရှ်(ဟရ်ကသ်၊အအ်ရားဗ်များ)ထည့်သွင်းခြင်း၊ ဟဒီးဆ်ရှရဟ် ကျမ်းများ ပြုစုခြင်း၊ သာသနာ့ တက္ကသိုလ်ကြီးများ ထူထောင်ခြင်း၊ ဟာဖိဇ်ကျောင်းများ ထူထောင်ခြင်း၊ အရဗီသိပ္ပံကျောင်းများ၌ နိဆွားဗ်ပြဋ္ဌာန်းဘာသာရပ်များ သတ်မှတ်ခြင်း၊ မှားယွင်းသော အကီဒါများ ၊ ဂိုဏ်းဂဏများလွဲမှားကြောင်း ချေပခြင်း၊ သာသနာရေးဆိုင်ရာ အသုံးအနှုံးများ တီထွင်ခေါ်ဝေါ်ခြင်း အစရှိသည်တို့သည်လည်း ဗိဒ်အသ်ဝါဂျိဗဟ်များ ဖြစ်လေသည်။ မွတ်စ်တဟဗ်ဖြစ်သော ဗိဒ်အသ်များမှာ သရာဝီဆွလားသ်ကို ဂျမအသ်ဖြင့် ရကသ် နှစ်ဆယ် ဝတ်ပြုခြင်း၊ သစောင်ဝုဖ်တွရီကဟ်များ၌ ကျင့်ကြံမှုဆိုင်ရာ နည်းလမ်းများ ကန့်သတ်ခြင်း၊ မောင်လူးဒ်အခမ်းအနားများ ကျင်းပခြင်း၊ ဝလီသူတော်စင်တို့အတွက် ဟဒီယသိစဝါးဗ်(အီဆွာလေစဝါးဗ်)အတွက် ရည်စူး၍ အူရွတ်စ် အခမ်းအနား ကျင်းပခြင်း၊ ဒအ်ဝသ်ဖိတ်ခေါ်မှု အကျိုး သက်ရောက်စေရေးအတွက် နည်းလမ်းသစ်များရှာဖွေခြင်းနှင့် နည်းဗျူဟာများ ကန့်သတ်ချက်များ ထားရှိခြင်း အစရှိသည်တို့သည် မွတ်စ်သဟဗ်ဖြစ်သော ဗိဒ်အသ်များဖြစ်သည်။ ဖဂျရ်နှင့် အဆွရ်ဆွလားသ်များအပြီးတွင်လည်း ၊ အီးဒ်နမာဇ်အပြီးတွင်လည်းကောင်း တစ်ဦးနှင့် တစ်ဦး ရင်ချင်းအပ်နှုတ်ဆက်ခြင်း၊ မုန့်အချိုများ ပြုလုပ်ကျွေးမွေးခြင်း ၊ ရှာဒီနေကာဟ်ပွဲများ၌ သတို့သားနှင့် သတို့သမီးတို့ကို စဲ့ဟ်ရာ ပန်းကုံးများဆွဲပေးခြင်း၊ ဒန်းတင်ခြင်း၊ အီးဒ်နေ့၌ အီးဒီပေးခြင်း အစရှိသည်တို့သည် ဗိဒ်အသ် မုဗာဟ်များဖြစ်သည်။ ရှရီအသ်က တားမြစ်ထားခြင်းလည်း မရှိ ၊ ခိုင်းစေထားခြင်းလည်း မရှိသော လုပ်ရပ်မျိုးဖြစ်သည်။
ဂုဏ်တုဂုဏ်ပြိုင်မှုဖြင့် ဗလီများကို အပြိုင်အဆိုင် ချယ်သမွန်းမံခြင်းကို ရှေးပညာရှင်များ(အလ်မုသက်ဒ္ဒိမီးန်)က ဗိဒ်အသ်မက္ကရူဟ်ဖြစ်၏။ ဗိဒ်အသ် မက္ကရူဟ်မှာ သာသနာက အရေးကြီးသည်ဟု သတ်မှတ်ထားခြင်းလည်း မရှိ၊စွန့်လွှတ်၍လည်း မပြစ်မရှိ၊ အမြဲစွန့်လွှတ်ထားလျှင်မူ ပြစ်တင်ဝေဖန်ထိုက်သည်ဟု ရှရီအသ်က လက်ခံထားသည့် မုအက္ကဒါဟ်အဆင့်ရှိ စွန္နသ်တစ်ရပ်ရပ်ကို ဆန့်ကျင်သော တီထွင်မှုကို ခေါ်ဆို၏။ ခါရီဂျီယာ ၊ ကဒ်ရီယာ ၊ မုရ်ဂျီယာ ၊ ရာဖွီဒွီယာ ၊ ဗာတွေနီယာ အစရှိသည့် အကီဒဟ် တို့ကို ဗိဒ်အသ်မုဟရ် ရမဟ် အဖြစ် မြင်ကြသည်။
*****

No comments:
Post a Comment