(၁၉၁၆)
တောင်ငူခရိုင်၊ ညောင်ခြေထောက်ရွာရှိ သကြားစက်ဖြစ်သည်။ ၁၉၁၆ တွင် တည်ဆောက်သည်။ တည်ဆောက်သူမှာ အမ်အေဂနီဖြစ်သည်။ အမ်အေဂနီသည် ကုန်သည်တစ်ဦးဖြစ်သည်။ သူသည် " A Handbook on the Possibility of Sugar Industry & Sugar-Cane Cultivation in Burma " American Baptican Baptist Mission Press. Rangoon (1923) " မြန်မာနိုင်ငံတွင် သကြားစက်လုပ်ငန်း အလားအလာနှင့် ကြံစိုက်ပျိုးရေးဆိုင်ရာလက်စွဲ" ဟူသော စာအုပ်ကို ၁၉၂၂ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၂၂ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့ ရက်စွဲဖြင့် ရေးသည့် သူ၏ စာအုပ်အမှာစာတွင် " စာရေးသူ မစ္စတာဂနီ သည် ဤ(မြန်မာနိုင်ငံတွင် သကြားထုတ်လုပ်သည့်)လုပ်ငန်းကို ၁၉၁၀ ပြည့်နှစ်ကတည်းက စိတ်ဝင်စားခဲ့၍ ၎င်းလုပ်ငန်း၏ အကျိုးဖြစ်ထွန်းမှုအလားအလာများအား လေ့လာခဲ့ပြီးနောက် အငယ်စား စက်ရုံအဆင့်ဖြင့်(သကြားများကို)၁၉၁၆ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သည် " ဟု ဖော်ပြထားသည်။ "စာရေးသူသည် မြန်မာနိုင်ငံတွင် အတော်ကြာအောင် နေထိုင်လာခဲ့သူဖြစ်၍ (မြန်မာ)လူထုအတွက် ဤစာအုပ် မြန်မာဘာသာပြန်ကို မကြာခင်ထုတ်ဝေသွားရန် ရည်ရွယ်ထားပါသည် " ဟုလည်း ဖော်ပြပါသည်။ မစ္စတာဂနီ၏ သကြားစက်သည် ၁၉၁၆ခုနှစ်မှစ၍ ၁၉၂၂ ခုနှစ်တိုင်အောင် သကြားထုတ်လုပ်ခဲ့သည်ဟု ခန့်မှန်းရသည်။ သူ၏ စာအုပ်တွင် ပျဉ်းမနား၊ ဘီးလင်းနှင့် ရှမ်းပြည်နယ်တို့၌ ကြံစိုက်ပျိုးပုံအကြောင်း၊ ကြံသကာထုတ်လုပ်ပုံအကြောင်း၊ သကြားထုတ်လုပ်မှုနည်းပညာ အခြေခံသဘောတရားများအကြောင်းကို ကိန်းဂဏန်းဇယား အထောက်အထားများဖြင့် စနစ်တကျတင်ပြထားသည်။ မြန်မာနိုင်ငံ ကြံနှင့် သကြားလုပ်ငန်းအတွက် အထောက်အကူပြုခဲ့ပါသည်။ ။
စာကိုး
မျိုးသန့်တင်၊ ဒေါက်တာ။ (၁၉၉၀၊ဧပြီ)။ တိမ်မြုပ်နေသော သကြားစက်။ သိပ္ပံမဂ္ဂဇင်း။၁၁၂-၁၁၆။

No comments:
Post a Comment